What are the Differences Between BIM and Revit?

BIM = Process | Revit = Tool
What is BIM?
BIM is not software. Instead, BIM is a process, methodology, and technology that involves:
- Creating intelligent 3D models of buildings
- Coordinating project information
- Supporting different workflows
Think of BIM as a digital process that enables better design, construction, and facility management through improved collaboration and efficiency.
What is Revit?
Revit is a software application widely used in the BIM process. Developed by Autodesk, it is designed for creating:
- Architectural models
- Structural models
- MEP (Mechanical, Electrical, Plumbing) models
In simple terms:
- BIM = The process (how things are done)
- Revit = A tool (software) used within that process
Why Revit is Not the Same as BIM
Revit is powerful, but it cannot do everything. For example, designing very long underground railway tunnels with Revit can be inefficient. In such cases, other BIM-compatible applications are used.
Examples of Other BIM Software
- ArchiCAD
- Civil 3D
- AECOsim
- Google SketchUp
Conclusion
Understanding the difference between BIM and Revit helps eliminate confusion and ensures that young professionals enter the construction industry with clarity. While BIM is about the overall process, Revit is simply one of the many software tools used to implement it.
BIM နှင့် Revit အကြား ဘာကွာခြားသလဲ?
ယနေ့ခေတ် ဆောက်လုပ်ရေးလောကထဲမှာ BIM (Building Information Modeling) နဲ့ Revit ဆိုတဲ့စကားလုံးတွေကို ခဏခဏ အတူတူ ဖော်ပြကြတာကြောင့် အချို့ လူငယ်တွေထဲမှာ BIM က Revit ကို ဆိုလိုတာပဲ Revit ကိုယ်တိုင်ကလဲ BIM ပဲလို့ ထင်မြင်မှုတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် BIM နဲ့ Revit က မတူပါဘူး။
ဒီ post လေးမှာတော့ အခြေခံသဘောတရားတွေပဲ ရေးသားထားတာမို့ မျိုးဆက်သစ်လူငယ်တွေ နားလည်လွယ်အောင် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ ဆရာကြီးများအနေနှင့်လည်း ဗဟုသုတမျှဝေခြင်း အနေနဲ့ မြင်ယူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
BIM ဆိုတာဘာလဲ?
BIM ဟာ software မဟုတ်ပါ။ BIM ဆိုတာ လုပ်ငန်းစဉ် (process), နည်းစနစ် (methodology), နည်းပညာ (technology) တစ်ခု ဖြစ်ပြီး –
- အဆောက်အဦး 3D မော်ဒယ်များ ဖန်တီးခြင်း
- ညှိနှိုင်းဆောင်ရွက်ခြင်း (Coordination)
- Project Workflow အမျိုးမျိုးကို ထောက်ပံ့ပေးခြင်း
BIM ကို “ဒစ်ဂျစ်တယ် လုပ်ငန်းစဉ်” တစ်ခုအနေနဲ့ နားလည်နိုင်ပါတယ်။
Revit ဆိုတာဘာလဲ?
Revit ဆိုတာ BIM လုပ်ငန်းစဉ်အတွင်း အလွန်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ software application တစ်ခု ဖြစ်ပါတယ်။ Autodesk က ဖန်တီးထားပြီး –
- Architecture
- Structure
- MEP (Mechanical, Electrical, Plumbing)
အတိုချုံးပြောရရင်:
- BIM = လုပ်ငန်းစဉ် (How things are done)
- Revit = အဲ့ဒီ လုပ်ငန်းစဉ်အတွင်း သုံးတဲ့ Tool (Software)
Revit က BIM နဲ့ တူသလား?
Revit ဟာ အလွန်ကောင်းတဲ့ Tool တစ်ခု ဖြစ်ပေမယ့် အရာအားလုံးကို မလုပ်နိုင်ပါ။ ဥပမာ – အလွန်ရှည်လျားပြီး ကီလိုမီတာများစွာ ရှိတဲ့ မြေအောက် ရထားလမ်း မော်ဒယ်ကို Revit နဲ့ ဆွဲဖို့ အဆင်မပြေပါ။ ဒီလိုအခါမှာတော့ အခြား BIM-Compatible Software တွေကို သုံးရမယ်။
Revit အပြင် အသုံးများတဲ့ BIM Software
- ArchiCAD
- Civil 3D
- AECOsim
- Google SketchUp
နိဂုံးချုပ်
BIM နဲ့ Revit တို့ရဲ့ ကွာခြားချက်ကို နားလည်သိရှိခြင်းက ဆောက်လုပ်ရေးလောကထဲ ဝင်လာမယ့် လူငယ်တွေမှာ စိတ်ရှုပ်မှု (confusion) တွေကို ဖယ်ရှားပေးနိုင်စေပါတယ်။
အကျဉ်းချုပ်ရမယ်ဆိုရင် – BIM ဟာ ပိုကျယ်ပြန့်တဲ့ Process ဖြစ်ပြီး၊ Revit ကတော့ အဲ့ဒီ Process ထဲမှာ အသုံးပြုတဲ့ Tool တစ်ခုသာ ဖြစ်ပါတယ်။
နောက်ထပ် BIM အကြောင်း ဗဟုသုတကောင်းများကိုလည်း ဆက်လက် မျှဝေသွားပါမယ်။
